Saturday, February 25, 2012

မွေးနေ့ကဗျာ(စာကြမ်း)/ငယ်ငယ်ကလက်ရေး

ငယ်ငယ်ကရေးဖူးတဲ့ကဗျာ။အကြမ်းရေးထားတာ စာအုပ်အဟောင်းထဲ က ပြန်ရှာတွေ့တာ။ (ကဗျာလို့ထင်နေတာလည်း ဖြစ်နိုင်ပါတယ်) သူငယ်ချင်းရဲ့ ၂၆နှစ်ပြည့်မွေးနေ့အမှတ်တရ ၂၆ပုဒ်ရေးပေးခဲ့တာမှတ်မိတယ်။ ဆရာတက္ကသိုလ်မင်းမော်ရဲ့ ကဗျာတွေကို ဖတ်ပြီး အတုခိုးပြီးရေးထားတာပါ။ ဒီကဗျာကို မွေးနေ့လက်ဆောင်ရခဲ့တဲ့သူငယ်ချင်းက ၃၄နှစ်မှာ ဆုံးသွားခဲ့တယ်။ကိုယ်ကတော့ ရွှေရတု အနှုတ်နှစ်း) နောက်ဘယ်နှစ်နှစ်ကြုံဦးမလဲ....မွေးနေ့တွေ..


မွေးနေ့ကဗျာ


သူငယ်ချင်း...


လူဆိုတာသေတစ်နေ့မွေးတစ်နေ့တဲ့။


ဒီလောကမြေကမ္ဘာထဲ


တစ်ရွေ့ရွေနဲ့


ခရီးပြင်းနှင်နေဆဲမှာ


ကျန်ရစ်ခဲ့တဲ့မွေးနေ့တွေ


ချန်ရစ်ခဲ့တဲ့မွေးနေ့တွေ


မွေးနေ့တွေ..


မွေးနေ့တွေ..


မွေးနေ့တွေ ရေတွက်ကြည့်တော့


ငွေရတုတစ်နှစ်ပေါင်း


မင်းအသက်လည်း


အတော်ဟောင်းလာပြီသူငယ်ချင်း


ဒါပေမဲ့ သူငယ်ချင်း


ငါတို့အသက်ရှင်နေသမျှ


မွေးနေ့တွေ..ဘယ်နှစ်ကြိမ်ဘယ်နှစ်ခါကြုံဆုံဦးမလဲ။


မင်းလဲမသိ၊ငါလည်းမသိ


ဘယ်သူမှလည်း မသိနိုင်ဘူး သူငယ်ချင်း။ ။


(၂၇-၅-၈၉ ကရေးခဲ့တာကို edit လုပ်ထားခြင်း)


editလုပ်ရင်းနဲ့ လူဆိုတာသေတစ်နေ့မွေးတစ်နေ့ ဆိုတာနဲ့


နောက်ထပ်ဖြစ်ပေါ်လာတဲ့ အတွေးဟာ မဆက်စပ်ဘူးလို့


တွေးမိတယ်)


ditလုပ်ရင်းနဲ့ လူဆိုတာသေတစ်နေ့မွေးတစ်နေ့ ဆိုတာနဲ့


နောက်ထပ်ဖြစ်ပေါ်လာတဲ့ အတွေးဟာ မဆက်စပ်ဘူးလို့


တွေးမိတယ်)တကယ်တော့ ဒီကဗျာဟာ ကျွန်မအချောသပ်ရေးထားခဲ့တဲ့ ကဗျာနှင့်တူမည်မဟုတ်ပါ။


မပြည့်စုံသောကဗျာ တစ်ပုဒ်သာဖြစ်သည်။

No comments: