လမ်း
အခြေအနေက လမ်းမဆုံးသေးပါဘူး
ရှေ့မှာ ကြမ်းမယ့်လမ်း ၊ ခယောင်းဆိုတာ ခင်းထားပြီးသားလမ်းပဲ
ပန်းတိုင် မဝေးတဲ့ လမ်း ၊ မဆုံးနိုင် ဝေးတဲ့လမ်း
လျှောက်လမ်းမှာ ပေါက်ပန်းလေးဆယ်နဲ့ တွေ့နိုင်သလို အနောက်ကမ်းကို ခေါက်ထမ်းပြီး လျှောက်လှမ်းရတဲ့ လမ်း
တခမ်းတနား ကြိုတဲ့နေရာကလည်း လမ်း ဖြစ်သလို ၊ အနွမ်းအပါးတွေအတွက် စမ်းတ၀ါးနဲ့ သွားရတဲ့ လမ်း
ပန်းခင်းထားတဲ့ လမ်းပေါ်က သူဌေးသားနဲ့ ဆူးနင်းသွားရတဲ့ လမ်းပေါ်က သူတောင်းစား
လမ်းခွဲမှာ လမ်းလွဲသွားရတဲ့ လမ်း ၊ လမ်းအမြွှာမှာ ကမ်းခွာသွားရတဲ့ လမ်း
လမ်း တစ်ဝက်မှာ လမ်းဖျက်သွားရတဲ့ လမ်းနဲ့ လမ်းဆုံးမှာ ပန်းကုံးတွေနဲ့ လမ်း
အတိုက်အခိုက်များတဲ့ လမ်း ၊ ကတိုက်ကရိုက်သွားရတဲ့ လမ်း
အမိုက်ဇာတ်ဆုံးတဲ့ လမ်း ၊ အလိမ္မာသုံးရတဲ့ လမ်း
သုံးစားမရတဲ့ လမ်း ၊ လုံးပါးပါးမယ့် လမ်း
ဆုံတွေ့ရမယ့် လမ်း ၊ မကြုံ့မတွေ့အောင် ခွဲတဲ့လမ်း
လက်ပြရမယ့် လမ်း ၊ လက်တွဲကြတဲ့ လမ်း
သေတမ်း ရှင်တမ်း ခေါင်းပန်းလှန်တဲ့ လမ်း ၊ လောင်းကစားဆန်တဲ့ လမ်း
တောတိုးရမယ့် လမ်း ၊ သဘောရိုးသွားတဲ့ လမ်း
ငြိမ်းချမ်းရာသွားတဲ့ လမ်း ၊ အပူတောသွားရာ လမ်း
လူပြောများတဲ့ လမ်း ၊ လူမသိတဲ့ လမ်း
လူမရိပ်မိတဲ့ လမ်း ၊ သူခိုးမိတဲ့ လမ်း
သေချင်တဲ့ကျား တောပြောင်းတဲ့ လမ်း ၊ တစ်ရွာမပြောင်း သူကောင်းမဖြစ်တဲ့ လမ်း
အတက်
၊ အဆင်း ၊ အနိမ့် ၊ အမြင့် ၊ အကြမ်း ၊ အချော ၊ အကွေ့ ၊ အကောက် ၊ အဖြောင့် ၊
အတန်း ၊ အပြော ၊ လက်တွေ့ တကယ်မမေ့စရာတွေနဲ့ နဖူးတွေ့ ၊ ဒူးတွေ့
ရင်ဆိုင်တွေ့ကြရတဲ့ သွားစရာ
ကျေးတော်မျိုး
No comments:
Post a Comment