ကျွန်မငယ်စဉ်က နေခဲ့ဖူးသောအိမ်များအကြောင်းကို တွေးမိသောအခါ ပထမဆုံးကျွန်မကိုမွေးခဲ့သောအိမ်
၊မွေးပြီး လ၀က်ခန့်သာနေခဲ့ရသောအိမ်။ယခုချိန်ထိ ဆယ်နှစ်သမီးအရွယ်က ခြံတံခါးဝနားမှ တစ်ကြိမ်သာ
မြင်ဖူးခဲ့သာအိမ်ကို အမှတ်ရမိပါသည်။ဘန်ဂလိုပုံစံဆောက်ထားသော သစ်သားအိမ်နှင့် အိမ်ရှေ့တွင် ရေညှိပင်များဖုံးအုပ်နေသောရေကန်ငယ်တစ်ခုလည်း ရှိသည့်
ဘ၀၏ ပထမဆုံးအိမ်။
ဘ၀၏ ပထမဆုံးအိမ်။
![]() |
ရေညှိပင်များဖုံးအုပ်နေသောရေကန်ငယ် |
![]() |
ရေကန်နံဘေးက မိုးမခပင် |
ရေကန်ဘေးတွင် သစ်ရွက်စိမ်းများက အသွယ်သွယ်ကျနေသည့် အမျိုးအမည်မသိ သစ်ပင်တစ်ပင်။
သစ်သားအိမ်၊ရေကန်စိမ်းနှင့် စိမ်းလွင်သော သစ်ပင် ၊ ဆိတ်ငြိမ်အေးချမ်းသည့် အသွင်အပြင်သည် ကျွန်မမျက်ဝန်းထဲမှာ ဆွဲထင်နေပါတော့သည်။( ထိုအမျိုးအမည်မသိသည့် အပင်သည် မိုးမခပင်ဖြစ်ကြောင်း ကာလအတော်ကြာမှ ကျွန်မသိပါသည်)
ထိုနေ့ကကျွန်မတို့မောင်နှမတစ်စု(မိန်ကလေးမှာ
ကျွန်မတစ်ယောက်သာပါပါသည်) နံနက်ခင်းဈေးဘက်သို့ မုန့်စားသွားရင်း ကျွန်မကို မွေးခဲ့သည့်အိမ်ကို
လိုက်ပို့ဖို့ ကျွန်မအစ်ကိုဝမ်းကွဲ
ကိုဦးက ဘယ်လိုအတွေးနဲ့ စိတ်ကူးရမိသလဲမသိ။ ကျွန်မတို့အားလုံး ဘယ်သူမှ မိဘတွေကိုပြန်မပြော
ကြေးဟူသော သဘောတူညီချက်ဖြင့် မြို့ကလေးနှင့် သိပ်မဝေးသော ပဲခူးရိုးမတောင်ခြေရင်းက ရွာငယ် လေး တစ်ရွာ(ကျွန်မ၏ဇာတိချက်ကြွေမွေးရပ်မြေ)ကို တစ်ခေါက်ရောက်ဖူးခဲ့ခြင်းပင်ဖြစ်သည်။

အလည်လွန်သောကြောင့်
အိမ်ပြန်အရိုက်ခံရသော်လည်း ကျွန်မတို့အားလုံးကိုယ်စား ကိုဦးက
ဘောလုံးကွင်းတွင် ဘောလုံးကစားပြီးနောက် မြို့ထဲတွင် လျှောက်လည်နေကြောင်း
ပြောသည့်
အခါ ကိုဦး၏အဖေ ကျွန်မအဒေါ်ယောက်ျားက ကျွန်မတို့ အားလုံးကို ကြီးစဉ် ငယ်လိုက်တန်းစီ ရိုက်ပါတော့သည်။ နောက်ဆုံး ကျွန်မအလှည့်ရောက်အခါ ဦးလေး က “လာခဲ့ မိန်းမပျံမ’ ဟု ခေါ်ကာ ရိုက်ပါတော့သည်။ အဖေနှင့် အမေ့ကို အားကိုးတကြီး
လှမ်းကြည့်သော်လည်း ကျွန်မကို ဘယ်သူမှမကြည့် သူတို့နှင့်မဆိုင်သလို အုပ်စုဖွဲ့ကာ စကား ပြောနေကြသည်။ကျွန်မလည်း ကိုယ့်အပြစ်နှင့်ကိုယ်ဖြစ်သောကြောင့် နာသော်လည်းအောင့်ခံကာ မငိုခဲ့။

ထိုအဖြစ်အပျက်ဖြစ်ပြီးနောက်ပိုင်း ကျွန်မကို ၀မ်းကွဲအစ်ကိုများက " တောသူမ" ဟုခေါ်လေသည်။"ရန်ကုန်သူမှတ်နေတာ
နင်ကတောသူမ အစစ်၊ငါတို့ကမှ ရန်ကုန်သားမဟုတ်တောင် မြို့သား
လို့ပြောလို့ရသေးတယ်"ဟုဆိုကြပါတော့သည်။ ကျွန်မက" တောသူမလဲလူပဲဘာဖြစ်လဲ" ဟု
ရန်ပြန်တွေ့ပါသည်။ငယ်ငယ်က တောရွာသွားတောလားကို ဘယ်သူမှ ကိုယ့်မိဘကိုယ်
အမှန်အတိုင်း
ဝန်မခံဖြစ်ခဲ့သလို မောင်နှမအချင်းချင်းလည်း ပြန်မပြောပြဖြစ်ခဲ့ကြပေ။တစ်စုံတစ်ဦးကိုမျှ မပြောဖြစ်ခဲ့
သည်ကို အမှတ်ထင်ထင်ဖြစ်နေမိသည်။
သည်ကို အမှတ်ထင်ထင်ဖြစ်နေမိသည်။
ကျွန်မကိုမွေးဖွားခဲ့သောအိမ် ။
မွေးဖွားပြီး ခဏတာနေ ခဲ့ရသော အိမ်။
ဘ၀မှာ တစ်ကြိမ်သာရောက်ဖူးခဲ့ပြီး နောက်တစ်ကြိမ် ပြန်ရောက်ရန် မလွယ်ကူတော့သော ဘ၀အစဦးအိမ်။
ရေညှိစိမ်းများဖုံးလွှမ်းလျက် ရှိသောရေကန်ထဲသို့ အခက်အရွက်များကိုင်းညွှတ်ကျလျက်ရှိနေသော မိုးမခပင်နှင့် သစ်သားအိမ်။
No comments:
Post a Comment