Thursday, May 24, 2012

* ခရမ်းရောင် မြေနုကျွန်း


တငွေ့ငွေ့လောင်ကျွမ်း လမ်းမသဲတရှပ်ရှပ်
 သက်ပြင်းဖုန်မှုန့်တလူလူအလံလွှင့်
 တအိအိကြေကွဲဖွယ် ခြေတံရှည်နေတာများ
 ကိုယ့်ကိုယ်ကိုရစ်နှောင်ပတ် ပိုးစတစ်စလို ဖြေလျှော့ဖို့
 ဓားအိမ်ထဲက ဓားကို ''လက်ခနဲ့'' ဆွဲထုတ်
 အဘိဓမ္ဓ သွားတစ်ဆုံးနစ်ဝင်ချိုပြင်းရှရှ
 သွေးတပြက်ပြက် မြည်းစမ်း
 ကြောင်တစ်ကောင်က အော်တယ်
 ''ခင်ဝမ်း'' ... တဲ့ ... ။

မိုးသက်လေ မျှင်းမျှင်း
 အိမ်မွေးခွေးအိုကြီး တအီအီ
 ခရမ်းရောင်နှစ်ချို့  မြွေရေခွံနဲ့
 အမုန်းဆူးတောင်နဂါးပွက်အိုင်နီချော်ရည်တွဲတွဲမှာပျော်ဝင်
 နှင်းဆီက ပန်းအိုးနဲ့မဆန့်ဘူး
 ကမ္ဘာမြေကြီးမှာ သိပ်သည်းဆနည်းတယ်
 အနုပညာဆိုတာ ဈေးမပေါ
နွေဦးက မပွင့်သေးပေမဲ့
အမြည်းတွေက ကားလိပ်ဖြေချလိုက်
ရှင်သန်ခြင်းမှာ ငါတို့ တန်ဖိုးထား ကူးခတ်နေလည်း
သေခြင်းတရားလောက် စီးစီးပိုးပိုးနိုင်တာ ဘာမှ မရှိ

အဲ့သလို ခါချလိုက်ချင်တယ်
ပုလွေသံနဲ့ ယိမ်းကတတ်တဲ့ မြွေတစ်ကောင်မဟုတ်
ကောင်းကင်က ဆေးစက်တွေလို
သစ်ပင်က တေးသီချင်းတွေလို
တောင်သမုဒ္ဒရာမှာ မုန်တိုင်းက မွှေနေဆဲ  .   .   .   ။  ။  ။


ခင်ဝမ်းသို့   . . .


((( ဥက္ကာကျော် ))) 
 ၂၂.၂.၂၀၀၀

No comments: