Tuesday, June 11, 2013

မှာချင်တယ် မေမလွမ်းနဲ့

မှာချင်တယ် မေမလွမ်းနဲ့
* * * * * * * * * * * *

မှာချင်တယ် မေမလွမ်းနဲ့ … မောင်ကြီးချစ်တဲ့ ပန်းကြာနွဲ့ရယ် … တစ်ယောက်လက် တစ်ယောက်ကမ်း … ခရီးကြမ်းကို လှမ်းခဲ့ကြ … စိတ်ရယ်ညီတူ … သြော် … အချစ်ရယ် ကြည်ဖြူတယ် … မြေလွှာပန်းကြဲ … ကိုယ့်ရင်ထဲ ပျော်ခဲ့ရတယ် … ဆောင်းအကုန် နွေအရောက်ဝယ် … ပန်းအခြောက်တွေ … မြေ၀ယ်လွှမ်းလျှင် … ချစ်တဲ့သူ လွမ်းလေမလားကွယ် … အခုတော့ တစ်ရွာတစ်ကျေး … မလွှဲသာ ခွဲခွါရသည်ကား … လူမှုအကျိုးနဲ့ရယ် … ကျေးလက်ဖွံ့ဖြိုးမှုတစ်သွယ် … ဒါတွေ မေသိခဲ့လျှင် … မှာချင်တယ် မေမလွမ်းနဲ့ … မောင်ကြီးချစ်တဲ့ ပန်းကြာနွဲ့ရယ် …

ရှေးအခါ ဆွေးကဗျာတွေ သီကုံးဖွဲ့ကြတယ် … ရှေးအခါဝယ် ဆွေးကဗျာတွေ သီကုံးဖွဲ့ကြတယ် …
မနှေးဖွေရှာရွယ် … ကျေးစေကာတစ်သွယ် … သည်ဆီရွယ်၍ မိုးလယ်တိမ်ခြေ … ပျံပါလေတော့ ချစ်သူထံ စေစားခဲ့ကြတယ် … ချစ်သူငယ်ပေါင်းရယ် … အဲသည်ခေတ်တွေ နှောင်းခဲ့ပေါ့ကွယ် …

တစ်နွေ တစ်မိုးရယ်ပြောင်း … တစ်ဆောင်းရောက်လေတိုင်း … ပျော်တယ်မောင်ရယ် …
နှင်းတွေဝေလျှင်တော့ကွယ် … မောင်နဲ့မေ လမ်းလျှောက်ရတာ စိတ်ဝယ်ပျော်မဆုံးတယ် … အဲသည်လို နှင်းမှုန်ကြားဝယ် … ချစ်စကား အလှအပတွေကြွယ် … သူ့ဘ၀ကို ပန်းတော်ဝင် သဇင်နှယ် … ကိုယ့်ဘ၀ကို နှင်းနဲ့နှိုင်းလို့ရယ် … နှင်းမဝေ သဇင်ညှိုး မုန်းမိုးရွာမှာစိုးသတဲ့ … ပူပန်တတ်သော သူ့အပြောကလေး ချစ်စရာကွယ် … ယနေ့တိုင် ကြားယောင်နေပါတယ် …

ပုလဲရောင်ပြေး ပန်းမြမြမွှေး … ရွေးချယ်ဆွတ်ခူးလို့ … မင်းကေသာ နက်ပြာထက်ဝယ် … သည်ပန်း ကိုပန် ပြုံးမာန်ဆပွား … ကိုယ်အပြန် ရွာအ၀င်နားကရယ် … ချစ်လျက်ပါ အမှတ်အသားနဲ့ … ထားသစ္စာ သက်သေပြရမယ် … မှာချင်တယ် ခုတော့မလွမ်းနဲ့ … မောင်ကြီးချစ်တဲ့ ပန်းကြာနွဲ့ရယ် …

(သောင်းတင်ဌေး)

No comments: