Sunday, March 17, 2013
Thursday, March 14, 2013
ဒုက္ခယန္တရား (၀င်းမင်းထွေး)
ဒုက္ခယန္တရား
(၁)
ငါတွေးတယ်
ဒါကြောင့်
ငါမှားတယ်
ငါ စက်ရုံက ထုတ်လုပ်လိုက်သမျှဟာ
အဆိပ်သင့်ပစ္စည်းတွေသာ များ ။
ငါ့ကို အော့အန်စေတာ
ဘာကာဒီရမ်မဟုတ်ဘူး
ကျေးဇူးတရားဆိုလား
အဲ့ဒီ အော်ဂလီဆန်စရာကြောင့်ပါလား ။
ငါ့တိုရဲ့ အခက်အခဲကို
အရက်နဲ့ မြည်းလိုမြည်း
ဟာသပြဇာတ်လို ထိုင်ဟားလို ဟား
ကိုယ့်အသားကို ကိုယ်ပြန်ကိုက်စားသလို
သွေးအေးအေး ဖောက်ပြန်
ဣနြေ္ဒရရကောက်ကျစ်
စိတ်ဓာတ်က ကျပ်မပြည့်သူတွေများ
ဒီမစင်ဘင်ပုပ်တွေအလယ်မှာ
လောက်လန်းသဖွယ် ၀ိညာဉ်တွယ်ခဲ့ရအကြိမ်ကြိမ်
ဘ၀အိုးအိမ်တွေ အခါခါပြောင်း ။
ရင်တစ်ချက်ခုန်တိုင်း
ရိုင်းစိုင်းမှုက များသထက် များ
မှားယွင်းမှုက ပွားသထက် ပွား
အမှန်တရားက ဝေးသထက် ဝေး
အေး . . .
ချိုင်းကြားမှာ ရေမွှေးတွေ ဖျန်းပက်
မျက်ခွက်ကို မျက်နှာချေတွေနဲ့ ဖို့
ဂျင်းဘောင်းဘီတွေ ဘာတွေဝတ်
(ဒီလိုနဲ့) လောကီဘုံအနှမ်းရဲ့ သီချင်းတွေမဆုံးနိုင်ဘု
အိုကွာ . . . ပျင်းမုန်းဖို့ ကောင်း ။
(၂)
လည်ပင်းအောက် အစပ်နားကနေ
ရင်ဘတ်ကို ဂျက်ကက်ဇစ်တစ်ခုလို ခပ်ကြမ်းကြမ်းဆွဲဖွင့်
(ကဲ . . . ကြည့်ကြပေတော့)
မျက်နှာဖုံးတပ်ထားတဲ့ မျက်နှာဖုံးအောက်မှာ
အာဂါသာခရစ္စတီ ကြွက်ထောင်ချောက်နဲ့
ဟစ္စတီးယား ရောဂါသည်တစ်ယောက်
မျက်နှာဖုံးတပ်ထားတဲ့ မျက်နှာဖုံးအောက်မှာ
ကွန်ပျူတာဂိမ်း ခလုတ်ခုံ
ကမ္ဘာပတ်လမ်းကြောင်းက ပြုတ်ကျလာတဲ့ ခေါင်းခွံ
မျက်နှာဖုံးတပ်ထားတဲ့ မျက်နှာဖုံးအောက်မှာ
စတော့ဈေးကွက်သတင်း
မင်းလက်လေးကို ကိုင်စမ်းချင်တယ်အော်သံ
မျက်နှာဖုံးတပ်ထားတဲ့ မျက်နှာဖုံးအောက်မှာ
ကြောက်လန့်တကြား ဆုတောင်းခြင်းများ
မျက်နှာဖုံးတပ်ထားတဲ့ မျက်နှာဖုံးအောက်မှာ
အသည်းကွဲတာ ဘာအရေးလဲ
ဒီမှာ ဦးနှောက်က ဟက်တပ်ကြီးကွဲလို့တဲ့
မျက်နှာဖုံးတပ်ထားတဲ့ မျက်နှာဖုံးအောက်မှာ
ခက်နေတာက
နောက်မျက်နှာဖုံးတပ်ထားတဲ့
မျက်နှာဖုံးတစ်ခုက ရှိနေပြန်တယ်
အဲ့ဒီ မျက်နှာဖုံးတပ်ထားတဲ့ မျက်နှာဖုံးအောက်မှာ
ကိုယ့်ကိုယ်ကို အဆုံးစီရင်လိုက်ရတော့မလားတဲ့
ငါသောက်တဲ့ဝိုင်က ခါးလှချည့်
နေဦး . . . နေဦး . . .
ဒါကိုပဲ ငါစွဲနေမိသေးတော့ ။
(၃)
မကောင်းမှုကို ဖုံးကွယ်ဖို့ရာ
ငါ့မှာ ဒိုင်ယာရီမရှိ
ငါကျွေးထားတဲ့ ခွေးလေခွေးလွင့်က
ငါ့လက်ကို ပြန်ကိုက်တဲ့ အကြောင်း မှတ်ထားဖို့ရာ
ငါ့မှာ ဒိုင်ယာရီမရှိ
ကောင်းကင်ယံမှာ ၀ိညာဉ်ချင်း စီးချင်းထိုးဖို့
ငါ့စိန်ခေါ်ပွဲ စာတမ်းသိမ်းထားစရာ
ငါ့မှာ ဒိုင်ယာရီမရှိ
သဲနဲ့ အိမ်ဆောက်ကြရာ
သဲလို ပြိုပျက်ရမယ် ငါသိ
အဲ့ဒါကြောင့် ငါ့မှာ ဒိုင်ယာရီမရှိ ။
ကမ္ဘာကြီးကို ကောင်းအောင်လုပ်မလို့ဆိုလား
ယောင်မှားပြီး ကျုပ်ကြားမိလိုက်သလား
တော်စမ်းပါ
လောင်မီးကျနေတဲ့ ဘ၀တွေကိုပဲ
ပြာမကျသွားအောင် ကြိုးစားကြစမ်းပါဦး
ဟောဒီကမ္ဘာကြီးကိုတော့
သူ့ဘာသူ တစ်ဖက်စောင်းလို့
သွက်သွက်ခါယမ်းနေပါစေတော့ ။
(၄)
သောက်လိုက်ကြ
သောက်လိုက်ကြ
(အငမ်းမရ) သွေးကြောထဲထိ လောင်းချ
ငါ့ကို ၀ိုင်ချိုလို သောက်လိုက်ကြ
(မင်းတို့ မသိကြသေးဘူး မဟုတ်လား)
တကယ်တော့ ငါဟာ အက်ဆစ်ပြင်းတစ်ခွက်သာဖြစ်တယ် ။
ဘ၀ရဲ့ရယ်စရာအဆွေးဇာတ်
ကြားဖြတ်လက်တန်း အစီအစဉ်ခပ်များများ
အနုပညာလို့ခေါ်တဲ့ ရေနဲ့ နာမည်ရေးကြ
နိုးထလို့မရတဲ့ ဘ၀ဆိုတဲ့ အိပ်မက်ဆိုးကို မက်ကြ
ကိုယ့်အတ္တကို ကိုယ် အရူးအမှုး စွဲလမ်းတပ်မက်ကြ
ဟုတ်ယောင်မှု တံလျှပ်တွေ ဖျတ်ခနဲလွင့်ပါးကြ
ပြီးမှ
တစ်ချိန်က ကျောခိုင်းခဲ့တဲ့ လမ်းတစ်လျှောက်
တောင့်တောင့်ကြီး လျှောက်သွားနေကြတော့ရဲ့ ။
ကွန်ပျူတာ ပရိုဂရမ်တစ်ခုလို
မင့်အလို လောဘအတိုင်း
ဘ၀ကို ဆစ်ပိုင်းစီစဉ်စေခိုင်လိုးလို့ရမယ်များ
ထင်ယောင်မှားခဲ့လေသလား အန္ဓရဲ့
မင်းတို့ ငါတို့ဟာ
မမြင်နိုင်တဲ့အကြောင်းများရဲ့
အကြွင်းမဲ့ အပြုလုပ်ခံသက်သက်မျှသာ ။
မင်းကိုပဲဟေ့
ငါရွံရှာမုန်းတီးနေတာ
ဒါဟာ ငါ့ဘ၀ရဲ့ ဒစ်ဖရင်ရှယ်တစ်ခုပဲ
ဒါကို ဘယ်လိုသုခုမနဲ့ အင်တီဂရိတ်လုပ်ရပါ့
ဒါပေမဲ့
ဘ၀တစ်ခုလုံးကိုယ်၌က အပလိုင်းမဖြစ်တဲ့အခါ
မင်းကို ငါရွံတာထက်
ငါ့ကိုယ်ငါသာ ပိုပြီးရွံနေမိတော့တာ ။
(၅)
အဦးအစ၌ ရူးသွပ်ခြင်းအား ဖန်ဆင်း၏ ။
ဖြစ်တည်ခြင်းကို ရူး
ချုပ်ငြိမ်းခြင်းကို ရူး
ရှင်သန်မှုကို (ပိုလို့မိုက်မဲစွာ) ရူး
ကစားစရာကို ရူး
အချစ်ဆိုတာကို ရူး
ဒင်္ဂါးပြားကို ရူး
စကြ၀ဋ္ဌာကို ရူး
အိမ်ရာကို ရူး
နာရီကို ရူး
ဆိုင်းဘုတ်ပြားကို ရူး
နောက်ဘ၀တစ်ခုကို ရူး
နောက်ဘ၀မဟုတ်တာကို ရူး
တံဆိပ်အမျိုးမျိုးကပ်ထားပေမယ့်
အရက်က တစ်မျိုးတည်းပါပဲ
ဒီအတ္တလေ
အန္ဓကို မူးယစ်ထုံထိုင်း ရူးသွပ်စေတာ ။
ပုဂ္ဂိုလ်တို့
ကိုယ့်လိပ်ပြာမှန်ချပ်မှာ ကိုယ်ပြန်ကြည့်
ကိုယ့်ကိုယ်ကို သိလော့
ဝိပါကအရိပ်ကို ခြေရာဖျောက်
သင် လွတ်မြောက်နိုင်အံ့လော ။
(၆)
ကံကြမ္မာဂရပ်ဖ်များ အလိမ်လိမ်
လွဲချော်မှု အကြိမ်ကြိမ်ပ
အတ္တအတွင်းသားမှာ အိမ်ဖွဲလို့ လှိုက်စား
ဝိညာဉ်၏အိပ်စက်ခြင်းဖြင့် ခိုနားရာမရခဲ့လေတဲ့
၃၇ ကမ္ဘာလို့ထင်ရလေတဲ့ ၃၇ နှစ်တာ
စာတန်ဟာ ရဲဘော်
စာတန်ဟာ ချစ်သူ
စာတန်ဟာ စီးပွားဖက်
အဲဒီလို စာတန်ဟာ ဘယ်နှကိုယ်ခွဲပြီး
တိုက်ခိုက်ခဲ့သလဲ
ဒါနဲ့ပဲ
နာကျင်ရမှန်း မသိတော့လောက်အောင်
ငါနာကျင်ခဲ့ရလေရဲ့ ။
အဆွေခင်ပွန်းကောင်းကိုသာ
ရှာဖွေပေါင်းသင်းခဲ့ရာ လမ်းခရီးအဆုံးမှာ
သစ္စာဖောက်တွေချည်းသာ
တွေ့ရှိလိုက်ရလေတော့တာ ။
ဒါပါပဲ
လောကီထုပ္ပတ် လူတို့ဇာတ်မှာ
မင်းသား မရှိ
မင်းသမီး မရှိ
သူရဲကောင်း မရှိ
သူတော်စင် မရှိ
ဗီလိန်တွေသာ ပြည့်နှက်နေလေ၏ ။
(၇)
မျက်နှာသစ်ကြွေဇလုံထဲမှာ
မျက်နှာဖုံးတစ်ခု ပျော်ကျသွားသလို
ငါ့ဘ၀တစ်ခုလုံး ဖျော်ချပစ်လိုက်ချင်ရဲ့
ဟန်ဆောင်မှုမှာ ငါ့ခန္ဓာဝန်က လေးလံ
ကောက်ကျစ်မှုမှာ ငါ့မော်တာက နှေးကွေး
သြော် . . . ဒီမာယာဒွန္နယာအလယ်မှာ
ငါဘယ်လိုအသက်ရှင်ရပါ့ ။
မှားယွင်းမှုအထပ်ထပ်နဲ့ တံကျင်လျှို
ဘ၀ဆိုတဲ့ ကားစင်ပေါ်ကနေ
ကြေကွဲ (အသံမဲ့)စွာ အော်ဟစ်မိ
ငါကို ၀ိမုတ္တသို့ သယ်ဆောင်ပို့ပါကွဲ့
အို . . . တစ်ကိုယ်စာလမ်းကျဉ်းငဲ့ ။
ဝင်းမင်းထွေး
Credit:https://www.facebook.com/pages/%E1%80%80%E1%80%97%E1%80%BA%E1%80%AC%E1%80%BB%E1%80%95%E1%80%81%E1%80%94%E1%80%B9%E1%80%B8%E1%80%B1%E1%80%9C%E1%80%B8/210425499080618
(၁)
ငါတွေးတယ်
ဒါကြောင့်
ငါမှားတယ်
ငါ စက်ရုံက ထုတ်လုပ်လိုက်သမျှဟာ
အဆိပ်သင့်ပစ္စည်းတွေသာ များ ။
ငါ့ကို အော့အန်စေတာ
ဘာကာဒီရမ်မဟုတ်ဘူး
ကျေးဇူးတရားဆိုလား
အဲ့ဒီ အော်ဂလီဆန်စရာကြောင့်ပါလား ။
ငါ့တိုရဲ့ အခက်အခဲကို
အရက်နဲ့ မြည်းလိုမြည်း
ဟာသပြဇာတ်လို ထိုင်ဟားလို ဟား
ကိုယ့်အသားကို ကိုယ်ပြန်ကိုက်စားသလို
သွေးအေးအေး ဖောက်ပြန်
ဣနြေ္ဒရရကောက်ကျစ်
စိတ်ဓာတ်က ကျပ်မပြည့်သူတွေများ
ဒီမစင်ဘင်ပုပ်တွေအလယ်မှာ
လောက်လန်းသဖွယ် ၀ိညာဉ်တွယ်ခဲ့ရအကြိမ်ကြိမ်
ဘ၀အိုးအိမ်တွေ အခါခါပြောင်း ။
ရင်တစ်ချက်ခုန်တိုင်း
ရိုင်းစိုင်းမှုက များသထက် များ
မှားယွင်းမှုက ပွားသထက် ပွား
အမှန်တရားက ဝေးသထက် ဝေး
အေး . . .
ချိုင်းကြားမှာ ရေမွှေးတွေ ဖျန်းပက်
မျက်ခွက်ကို မျက်နှာချေတွေနဲ့ ဖို့
ဂျင်းဘောင်းဘီတွေ ဘာတွေဝတ်
(ဒီလိုနဲ့) လောကီဘုံအနှမ်းရဲ့ သီချင်းတွေမဆုံးနိုင်ဘု
အိုကွာ . . . ပျင်းမုန်းဖို့ ကောင်း ။
(၂)
လည်ပင်းအောက် အစပ်နားကနေ
ရင်ဘတ်ကို ဂျက်ကက်ဇစ်တစ်ခုလို ခပ်ကြမ်းကြမ်းဆွဲဖွင့်
(ကဲ . . . ကြည့်ကြပေတော့)
မျက်နှာဖုံးတပ်ထားတဲ့ မျက်နှာဖုံးအောက်မှာ
အာဂါသာခရစ္စတီ ကြွက်ထောင်ချောက်နဲ့
ဟစ္စတီးယား ရောဂါသည်တစ်ယောက်
မျက်နှာဖုံးတပ်ထားတဲ့ မျက်နှာဖုံးအောက်မှာ
ကွန်ပျူတာဂိမ်း ခလုတ်ခုံ
ကမ္ဘာပတ်လမ်းကြောင်းက ပြုတ်ကျလာတဲ့ ခေါင်းခွံ
မျက်နှာဖုံးတပ်ထားတဲ့ မျက်နှာဖုံးအောက်မှာ
စတော့ဈေးကွက်သတင်း
မင်းလက်လေးကို ကိုင်စမ်းချင်တယ်အော်သံ
မျက်နှာဖုံးတပ်ထားတဲ့ မျက်နှာဖုံးအောက်မှာ
ကြောက်လန့်တကြား ဆုတောင်းခြင်းများ
မျက်နှာဖုံးတပ်ထားတဲ့ မျက်နှာဖုံးအောက်မှာ
အသည်းကွဲတာ ဘာအရေးလဲ
ဒီမှာ ဦးနှောက်က ဟက်တပ်ကြီးကွဲလို့တဲ့
မျက်နှာဖုံးတပ်ထားတဲ့ မျက်နှာဖုံးအောက်မှာ
ခက်နေတာက
နောက်မျက်နှာဖုံးတပ်ထားတဲ့
မျက်နှာဖုံးတစ်ခုက ရှိနေပြန်တယ်
အဲ့ဒီ မျက်နှာဖုံးတပ်ထားတဲ့ မျက်နှာဖုံးအောက်မှာ
ကိုယ့်ကိုယ်ကို အဆုံးစီရင်လိုက်ရတော့မလားတဲ့
ငါသောက်တဲ့ဝိုင်က ခါးလှချည့်
နေဦး . . . နေဦး . . .
ဒါကိုပဲ ငါစွဲနေမိသေးတော့ ။
(၃)
မကောင်းမှုကို ဖုံးကွယ်ဖို့ရာ
ငါ့မှာ ဒိုင်ယာရီမရှိ
ငါကျွေးထားတဲ့ ခွေးလေခွေးလွင့်က
ငါ့လက်ကို ပြန်ကိုက်တဲ့ အကြောင်း မှတ်ထားဖို့ရာ
ငါ့မှာ ဒိုင်ယာရီမရှိ
ကောင်းကင်ယံမှာ ၀ိညာဉ်ချင်း စီးချင်းထိုးဖို့
ငါ့စိန်ခေါ်ပွဲ စာတမ်းသိမ်းထားစရာ
ငါ့မှာ ဒိုင်ယာရီမရှိ
သဲနဲ့ အိမ်ဆောက်ကြရာ
သဲလို ပြိုပျက်ရမယ် ငါသိ
အဲ့ဒါကြောင့် ငါ့မှာ ဒိုင်ယာရီမရှိ ။
ကမ္ဘာကြီးကို ကောင်းအောင်လုပ်မလို့ဆိုလား
ယောင်မှားပြီး ကျုပ်ကြားမိလိုက်သလား
တော်စမ်းပါ
လောင်မီးကျနေတဲ့ ဘ၀တွေကိုပဲ
ပြာမကျသွားအောင် ကြိုးစားကြစမ်းပါဦး
ဟောဒီကမ္ဘာကြီးကိုတော့
သူ့ဘာသူ တစ်ဖက်စောင်းလို့
သွက်သွက်ခါယမ်းနေပါစေတော့ ။
(၄)
သောက်လိုက်ကြ
သောက်လိုက်ကြ
(အငမ်းမရ) သွေးကြောထဲထိ လောင်းချ
ငါ့ကို ၀ိုင်ချိုလို သောက်လိုက်ကြ
(မင်းတို့ မသိကြသေးဘူး မဟုတ်လား)
တကယ်တော့ ငါဟာ အက်ဆစ်ပြင်းတစ်ခွက်သာဖြစ်တယ် ။
ဘ၀ရဲ့ရယ်စရာအဆွေးဇာတ်
ကြားဖြတ်လက်တန်း အစီအစဉ်ခပ်များများ
အနုပညာလို့ခေါ်တဲ့ ရေနဲ့ နာမည်ရေးကြ
နိုးထလို့မရတဲ့ ဘ၀ဆိုတဲ့ အိပ်မက်ဆိုးကို မက်ကြ
ကိုယ့်အတ္တကို ကိုယ် အရူးအမှုး စွဲလမ်းတပ်မက်ကြ
ဟုတ်ယောင်မှု တံလျှပ်တွေ ဖျတ်ခနဲလွင့်ပါးကြ
ပြီးမှ
တစ်ချိန်က ကျောခိုင်းခဲ့တဲ့ လမ်းတစ်လျှောက်
တောင့်တောင့်ကြီး လျှောက်သွားနေကြတော့ရဲ့ ။
ကွန်ပျူတာ ပရိုဂရမ်တစ်ခုလို
မင့်အလို လောဘအတိုင်း
ဘ၀ကို ဆစ်ပိုင်းစီစဉ်စေခိုင်လိုးလို့ရမယ်များ
ထင်ယောင်မှားခဲ့လေသလား အန္ဓရဲ့
မင်းတို့ ငါတို့ဟာ
မမြင်နိုင်တဲ့အကြောင်းများရဲ့
အကြွင်းမဲ့ အပြုလုပ်ခံသက်သက်မျှသာ ။
မင်းကိုပဲဟေ့
ငါရွံရှာမုန်းတီးနေတာ
ဒါဟာ ငါ့ဘ၀ရဲ့ ဒစ်ဖရင်ရှယ်တစ်ခုပဲ
ဒါကို ဘယ်လိုသုခုမနဲ့ အင်တီဂရိတ်လုပ်ရပါ့
ဒါပေမဲ့
ဘ၀တစ်ခုလုံးကိုယ်၌က အပလိုင်းမဖြစ်တဲ့အခါ
မင်းကို ငါရွံတာထက်
ငါ့ကိုယ်ငါသာ ပိုပြီးရွံနေမိတော့တာ ။
(၅)
အဦးအစ၌ ရူးသွပ်ခြင်းအား ဖန်ဆင်း၏ ။
ဖြစ်တည်ခြင်းကို ရူး
ချုပ်ငြိမ်းခြင်းကို ရူး
ရှင်သန်မှုကို (ပိုလို့မိုက်မဲစွာ) ရူး
ကစားစရာကို ရူး
အချစ်ဆိုတာကို ရူး
ဒင်္ဂါးပြားကို ရူး
စကြ၀ဋ္ဌာကို ရူး
အိမ်ရာကို ရူး
နာရီကို ရူး
ဆိုင်းဘုတ်ပြားကို ရူး
နောက်ဘ၀တစ်ခုကို ရူး
နောက်ဘ၀မဟုတ်တာကို ရူး
တံဆိပ်အမျိုးမျိုးကပ်ထားပေမယ့်
အရက်က တစ်မျိုးတည်းပါပဲ
ဒီအတ္တလေ
အန္ဓကို မူးယစ်ထုံထိုင်း ရူးသွပ်စေတာ ။
ပုဂ္ဂိုလ်တို့
ကိုယ့်လိပ်ပြာမှန်ချပ်မှာ ကိုယ်ပြန်ကြည့်
ကိုယ့်ကိုယ်ကို သိလော့
ဝိပါကအရိပ်ကို ခြေရာဖျောက်
သင် လွတ်မြောက်နိုင်အံ့လော ။
(၆)
ကံကြမ္မာဂရပ်ဖ်များ အလိမ်လိမ်
လွဲချော်မှု အကြိမ်ကြိမ်ပ
အတ္တအတွင်းသားမှာ အိမ်ဖွဲလို့ လှိုက်စား
ဝိညာဉ်၏အိပ်စက်ခြင်းဖြင့် ခိုနားရာမရခဲ့လေတဲ့
၃၇ ကမ္ဘာလို့ထင်ရလေတဲ့ ၃၇ နှစ်တာ
စာတန်ဟာ ရဲဘော်
စာတန်ဟာ ချစ်သူ
စာတန်ဟာ စီးပွားဖက်
အဲဒီလို စာတန်ဟာ ဘယ်နှကိုယ်ခွဲပြီး
တိုက်ခိုက်ခဲ့သလဲ
ဒါနဲ့ပဲ
နာကျင်ရမှန်း မသိတော့လောက်အောင်
ငါနာကျင်ခဲ့ရလေရဲ့ ။
အဆွေခင်ပွန်းကောင်းကိုသာ
ရှာဖွေပေါင်းသင်းခဲ့ရာ လမ်းခရီးအဆုံးမှာ
သစ္စာဖောက်တွေချည်းသာ
တွေ့ရှိလိုက်ရလေတော့တာ ။
ဒါပါပဲ
လောကီထုပ္ပတ် လူတို့ဇာတ်မှာ
မင်းသား မရှိ
မင်းသမီး မရှိ
သူရဲကောင်း မရှိ
သူတော်စင် မရှိ
ဗီလိန်တွေသာ ပြည့်နှက်နေလေ၏ ။
(၇)
မျက်နှာသစ်ကြွေဇလုံထဲမှာ
မျက်နှာဖုံးတစ်ခု ပျော်ကျသွားသလို
ငါ့ဘ၀တစ်ခုလုံး ဖျော်ချပစ်လိုက်ချင်ရဲ့
ဟန်ဆောင်မှုမှာ ငါ့ခန္ဓာဝန်က လေးလံ
ကောက်ကျစ်မှုမှာ ငါ့မော်တာက နှေးကွေး
သြော် . . . ဒီမာယာဒွန္နယာအလယ်မှာ
ငါဘယ်လိုအသက်ရှင်ရပါ့ ။
မှားယွင်းမှုအထပ်ထပ်နဲ့ တံကျင်လျှို
ဘ၀ဆိုတဲ့ ကားစင်ပေါ်ကနေ
ကြေကွဲ (အသံမဲ့)စွာ အော်ဟစ်မိ
ငါကို ၀ိမုတ္တသို့ သယ်ဆောင်ပို့ပါကွဲ့
အို . . . တစ်ကိုယ်စာလမ်းကျဉ်းငဲ့ ။
ဝင်းမင်းထွေး
Credit:https://www.facebook.com/pages/%E1%80%80%E1%80%97%E1%80%BA%E1%80%AC%E1%80%BB%E1%80%95%E1%80%81%E1%80%94%E1%80%B9%E1%80%B8%E1%80%B1%E1%80%9C%E1%80%B8/210425499080618
Tuesday, March 12, 2013
သင်းသတ်ထားသော နှလုံးသားမှ အလွမ်းများ
အရင်နေ့တွေလိုပဲ တောအုပ်ကလေးထဲက လမ်းနဲ့တူတဲ့
လမ်းကလေးတစ်ခုကို ဖြတ်လျှောက်ခဲ့တယ်။အမျိုးအမည်မသိတဲ့ ပန်းပွင့်ကလေးတွေနဲ့
အမျိုးအမည်သိတဲ့ပန်းကလေးတွေကိုရောချစ်မက်စွာ ငေးမောလို့ပေါ့။
(အုပ်မိုးနေတဲ့သစ်ပင်တွေကို မော့ကြည့်ရင်း……)
ကိုယ်အမြဲလို လျှောက်ခဲ့တဲ့လမ်းဆိုတော့အလွတ်ရနေခဲ့ပြီးသားပေါ့ ။
တစ်ခါက ဒီဝါးရုံပင်စုစုအကျော်နားမှာ
လမ်းဖြတ်ကူးတဲ့မြွေတစ်ကောင်ကိုလည်းတွေ့ခဲ့ဖူးပါရဲ့ ။
မြက်ဖျားနှင်းတွေကို မြင်တွေ့ဖို့ ကိုယ့်ခြေလှမ်းတွေ သိပ်နောက်ကျနေခဲ့တယ်ဆိုတာကို
သိနှင့်နေခဲ့ပါတယ်။
ဟောဒီ မိုးမခပင်ကတော့ နောက်ကျစွာဖူးပွင့်ရင်းလှပနေလိုက်တာ။
ယမုံနာမြစ်ကမ်းနံဘေးပဲ ရောက်သွားသလိုလို
နှလုံးသားအပိုတွေ ပြွတ်သိပ်နေအောင် ချိတ်ဆွဲထားတဲ့အလား
သဖန်းသီးနှလုံးသားကို စားလို့မရတဲ့မိကျောင်း။
အဲဒီမိကျောင်းတစ်ကောင်ရဲ့မျက်ရည်တွေကို သတိရလိုက်မိတော့
ခပ်ဖွဖွရယ်မောမိပြန်တယ်။
ခရေပင်တန်းကို ဖြတ်ကျော်မိခိုက် တစ်ခုခုလွဲနေသလို ခံစားရလို့
ရပ်တန့်ကာ စဉ်းစားမိတယ်။
သမင်လည်ပြန် လှည့်ငေးကြည့်မှ
ပျောက်ဆုံးနေတဲ့ သစ်တစ်ပင်ကို ကိုယ်သတိထားမိလိုက်တယ်။
ပုန်းညက်ညိုပင်အိုကို မြေလှန်ပစ်လိုက်ကြလေတော့
ပုန်းညက်ပန်းတွေ ပြန်ပွင့်ချိန်ကို ကိုယ်မျှော်ခွင့်မရှိတော့ပြီပေါ့။
ဒီလိုနဲ့ ရှေ့ ဆက်လျှောက်လာရင်း တောအုပ်ကလေးထဲက လမ်းလေးနဲ့တူတဲ့လမ်းကလေးရဲ့ 
လမ်းချိုးလေးမှာ ဖူးငုံတွေဝေနေတဲ့ သစ်ပင်တစ်ပင်ကို မြင်မိတယ်။
သရဖီပန်းတွေဖူးနေပြီ။(ပုန်းညက်ကိုမေ့လို့ သရဖီနောက်ကောက်ကောက်ပါတဲ့စိတ်ကို ပြုံးမိ)
အရွက် အပွင့် အပင်တွေရဲ့ စိမ်းလန်းခြင်းတွေကို ထားရစ်ခဲ့ပြီးတော့ ကိုယ်ပိုင်ဆိုင်တဲ့
ပလပ်တတ်ထားတဲ့ စားကျက်မြေကို ရောက်လာပြန်ပေါ့။
ဝပ်ကျင်းထဲမှာ ထုံးစံအတိုင်း ကီးဘုတ်နဲ့ မောက်စ် လိုသလိုဆော့ကစား
မျက်နှာစာစာအုပ်ကိုသွား။ ကိုယ်မရောက်ဖူးတဲ့ အရပ်ရဲ့  မခံစားဖူးတဲ့ ရာသီကိုခံစားလို့
မေပယ်လ်ရွက်တွေလှချက်ကို ထောမနာပြုလို့
အစစ်မဟုတ်တဲ့ အတုတွေနဲ့ပျော်ပိုက်လို့။
မိုးမခလှိုင်
Subscribe to:
Posts (Atom)