Monday, January 30, 2012

မင်းကိုနိုင်၏ လက်ရေး(မင်းကိုနိုင်၏ကဗျာ)


1 comment:

Unknown said...

ကိုမင်းကိုနိုင်ရဲ့ကဗျာ

အမ်စတာဒမ်မှာ ဆုံကြမယ့်
နိုင်ငံတကာရောက် ရဲဘော်များ

ကျနော်တို့ဟာ
မုန်တိုင်းကိုဆန်ရင်း
သင်းကွဲကြတဲ့ ငှက်အုပ်ပါ

ပိတောက်နံ့သင်းတဲ့ လေပြေအေး
ဂေဟာဟောင်းကို တံခါးဖွင့်ဝင်
တူးပို့တူးပို့ ဗုံသံလေး
ညီမလေးကို ထ, က, အောင်
ပြိုင်တူ လက်ခုပ်တီးမယ်လို့
ပြန်ဆုံမယ့်နေ့ အမေ့အိမ်မှာ

ခုနေမှာတော့
တယောက်အနာဖေး တယောက်ဆေးတင်
တယောက်ရင်ခွင် တယောက်မေးတင်လို့

ကျနော်တို့မှာ... လိုအပ်တာ
ဘယ်အချိန် ထ, ဆိုဆို
"အိုးဝေ" သံချို ညီဖို့ပဲမဟုတ်လား..

ယုံကြည်တဲ့
(မင်းကိုနိုင်)