ဗုဒ္ဓဘာသာဝင်တို့ရဲ့ နေ့ထူးနေ့မြတ် တစ်နေ့ဖြစ်နေသလို မြန်မာနိုင်ငံသူနိုင်ငံသားများ ၀မ်းမြောက်ဝမ်းသာ ဖြစ်ရသောနေ့ လည်းဖြစ်လို့ နေပြန်ပါတယ်။ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ အားလုံး လွတ်မြောက် လာလျှင်တော့ အတိုင်းထက်အလွန် ၀မ်းသာရမှာပါ။
အိမ်ကနေထွက်တော့မဲ့အချိန်မှာပဲ ဦးလေးဖြစ်သူဆီက ''ဘယ်သူတွေလွတ်တာပြမလဲ မသိဘူး။TVဖွင့်ထားမှ"
ဆိုတဲ့ အသံကို ကြားရတယ်။လမ်းသစ်လမ်းထိပ်ရောက်တော့
" လိုင်းကားတစ်စီးက ရွာမဘက်က လှည့်သွားမယ်ဟေ့
ထောင်ရှေ့လမ်းပိတ်နေပြီ "ဆိုတဲ့အသံကိုကြားရတယ်။
ခါတိုင်းနားကြားပြင်းကပ့်လေ့ရှိတဲ့
ကားစပယ်ယာရဲ့အသံကတောင် ဒီနေ့တော့ ချိုမြနေသလိုလို။
facebook ထဲက သတင်းများစွာဖတ်ရင်းလည်း ပီတိဖြစ်ရသည်။
အပျော်ဆုံးနေ့၃နေ့ထဲမှာ တစ်နေ့အပါအ၀င် ဖြစ်တဲ့ထောင်က ထွက်တဲ့နေ့ ဘယ်လောက်ပျော်လိုက်လိမ့်မလဲ။
ကိုဇာဂနာရဲ့ ဓာတ်ပုံတွေကြည့်ရတော့ မီဒီယာရဲ့
အရေး ပါအရာရောက်မှုကို အသိအမှတ်ပြုမိပါတယ် ။
လူတိုင်းလူတိုင်း အမှန်အတိုင်း သိချင်သလို အမှန် တရားကို လိုလားကြပါတယ်။
မှန်ကန်သော သတင်းအချက်အလက်များကို သာသိချင်ကြတယ် မဟုတ်လား။
ကိုမင်းကိုနိုင်လွတ်ပြီလို့ကြားပြီးမှ မဟုတ်ဘူး မလွတ်သေးဘူးလို့ဆိုပြန်တယ်။မသေချာပဲ
ထူးရင် ဦးချင်တာလည်း မကောင်းပေ။ ဘယ်လိုပဲဖြစ်ဖြစ် "ရှင်လိင်ပြန်တဲ့နေ့၊မင်္ဂလာဆောင်တဲ့နေ့၊
ထောင်ကထွက်တဲ့နေ့ "ဆိုတဲ့ အပျော်ဆုံးနေ့၃ရက်မှာ ထောင်ကထွက်ရတဲ့နေ့ကတော့
"အပျော်တကာ့အပျော်ဆုံးနေ့" လို့ဆိုလိုက်ချင်ပါတယ်။
No comments:
Post a Comment