Wednesday, October 12, 2011

အပျော်ဆုံးနေ့

သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့ ဆိုတဲ့ဒီနေ့။
ဗုဒ္ဓဘာသာဝင်တို့ရဲ့ နေ့ထူးနေ့မြတ် တစ်နေ့ဖြစ်နေသလို မြန်မာနိုင်ငံသူနိုင်ငံသားများ ၀မ်းမြောက်ဝမ်းသာ ဖြစ်ရသောနေ့ လည်းဖြစ်လို့ နေပြန်ပါတယ်။ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ အားလုံး လွတ်မြောက် လာလျှင်တော့ အတိုင်းထက်အလွန် ၀မ်းသာရမှာပါ။
အိမ်ကနေထွက်တော့မဲ့အချိန်မှာပဲ ဦးလေးဖြစ်သူဆီက ''ဘယ်သူတွေလွတ်တာပြမလဲ မသိဘူး။TVဖွင့်ထားမှ"
ဆိုတဲ့ အသံကို ကြားရတယ်။လမ်းသစ်လမ်းထိပ်ရောက်တော့
" လိုင်းကားတစ်စီးက ရွာမဘက်က လှည့်သွားမယ်ဟေ့
ထောင်ရှေ့လမ်းပိတ်နေပြီ "ဆိုတဲ့အသံကိုကြားရတယ်။
ခါတိုင်းနားကြားပြင်းကပ့်လေ့ရှိတဲ့
ကားစပယ်ယာရဲ့အသံကတောင် ဒီနေ့တော့ ချိုမြနေသလိုလို။
facebook ထဲက သတင်းများစွာဖတ်ရင်းလည်း ပီတိဖြစ်ရသည်။
အပျော်ဆုံးနေ့၃နေ့ထဲမှာ တစ်နေ့အပါအ၀င် ဖြစ်တဲ့ထောင်က ထွက်တဲ့နေ့ ဘယ်လောက်ပျော်လိုက်လိမ့်မလဲ။
ကိုဇာဂနာရဲ့ ဓာတ်ပုံတွေကြည့်ရတော့ မီဒီယာရဲ့
အရေး ပါအရာရောက်မှုကို အသိအမှတ်ပြုမိပါတယ် ။
လူတိုင်းလူတိုင်း အမှန်အတိုင်း သိချင်သလို အမှန် တရားကို လိုလားကြပါတယ်။
မှန်ကန်သော သတင်းအချက်အလက်များကို သာသိချင်ကြတယ် မဟုတ်လား။
ကိုမင်းကိုနိုင်လွတ်ပြီလို့ကြားပြီးမှ မဟုတ်ဘူး မလွတ်သေးဘူးလို့ဆိုပြန်တယ်။မသေချာပဲ
ထူးရင် ဦးချင်တာလည်း မကောင်းပေ။ ဘယ်လိုပဲဖြစ်ဖြစ် "ရှင်လိင်ပြန်တဲ့နေ့၊မင်္ဂလာဆောင်တဲ့နေ့၊
ထောင်ကထွက်တဲ့နေ့ "ဆိုတဲ့ အပျော်ဆုံးနေ့၃ရက်မှာ ထောင်ကထွက်ရတဲ့နေ့ကတော့
"အပျော်တကာ့အပျော်ဆုံးနေ့" လို့ဆိုလိုက်ချင်ပါတယ်။

Tuesday, October 11, 2011

မေ့လျော့နေသော ...

ဘလော့ဂ်ရေးဖို့ဆိုပြီး moemakha ဆိုတဲ့အမည်နဲ့ ဘလော့ဂ်လုပ်ထားတယ်။
။မလုပ်တတ်လုပ်တတ် စမ်းလုပ်ထားတာပါ။
့blog spot တွေက ၀င်ရတာမကောင်းလို့ အပိတ်အပင်တွေကြောင့် စိတ်ပျက်လက်ပျက်နဲ့ပစ်ထားခဲ့တာ ကြာ
့ဒီနေ့ ဂျီမေးလ် setting ထဲဝင်ရင်း အမှတ်မထင် ဒီကိုရောက်လာတယ်။ဒါကြောင့် စိတ်ထဲရှိသလို
ရေးကြည့်နေတာပါ။