Thursday, March 27, 2014

နွေပွင့်ပန်းများ

နွေပွင့်ပန်းများ

နွေပွင့်ပန်းများ

ပျင်းလို့ ရေးတဲ့စာ

ငယ်ငယ်က တောမလှန်ရေးနေ့ဆိုရင် ဖေဖေနဲ့ အတူတူ တပ်မတော်သားတွေ ပရိတ်ဒ်လျှောက်တာသွားကြည့်တယ်။ နောက်ဆုံးမှတ်မှတ်ရရကြည့်ဖူးတာ မောင်ဝမ်းကွဲ ငှငှ ၃နှစ်သားက ကြည့်ဖူးမြင်ဖူးအောင် လိုက်ပို့ တဲ့ ၈၁ခုနှစ်ပေါ့။ မတ်လနေပူပူမှာ တပ်မတော်သားတွေကို ကြည့်ပြီး ကျေနပ်ပျော်ရွှင်ခဲ့ဖူးပါတယ်။ ဒို့ဗမာတွေရဲစွမ်းပြမည် အာဇာနည်ပီပီ… ဆိုတဲ့ သီချင်းကို မှီသလောက် သိသလောက် လိုက်ဆိုတဲ့ ငှငှ ပါးစပ်ထဲမှာ အာပီပီ ဖြစ်ခဲ့ရတယ်။ သူက တစ်ခြားနေရာလည်း မဆိုတတ်ဘူး။ ပရိတ်ဒ်လျှောက်တဲ့အုပ်စု တစ်ခုဖြတ်သွားတိုင်း အာဇာနည် ပီပီ ဆိုတဲ့ သီချင်းသံကြားရင် အာပီပီ လို့ လိုက်အော်နေတော့တာ မှတ်မိနေပါရဲ့။ အာပီပီလို့ အော်တဲ့ ငှငှတောင် ကလေးနှစ်ယောက်အဖေ ဖြစ်လို့ ၂၀၁၇မှာ အသက်၄၀ပြည့်တော့မယ်။ ဒီအနှစ်၄၀နီးပါးမှာ အပြောင်းအလဲတွေလည်း မြောက်မြားစွာပါ။